ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း [1]

Posted on 24 August 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ Deutsche Gesellschaft für Internationale Zusammenarbeit GmbH (GIZ) ၏ ပူးပေါင်းမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနား”ကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ နေပြည်တော်ကောင်စီ ရင်းနှီး မြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ဦးအောင်မြင်ထွန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန် က အမှာ စကားအသီးသီး ပြောကြားခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ နေပြည်တော် အတွင်း ရှိ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များစုစုပေါင်း (၅၀) ဦး တက်ရောက်ဆွေးနွေး ခဲ့ကြ ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative