ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၃ / ၂၀၁၈ )ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း [1]

Posted on 25 August 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ တင်ပြလာသည့် အဆိုပြုချက်များ အပေါ် ဆွေးနွေးစီစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၃ / ၂၀၁၈) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

                  အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြပါသည်။

                  အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြု မိန့် လျှောက်ထားလွှာများအား စိစစ်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရရှိပြီးသော ကုမ္ပဏီများမှ တင်ပြလာသည့် အထွေထွေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင် ရွက်ခဲ့ကြပါသည်။

                  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၃ / ၂၀၁၈) အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြ လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့် (၃)ခု နှင့် အတည်ပြုမိန့် (၂)ခု ခွင့်ပြု ရန်ဆုံးဖြတ်ခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative