ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အသိပေးကြေညာချက် [1]

Posted on 29 August 2018

DICA Online Company Re-registration Services အမည်ဖြင့် Facebook Account တစ်ခုမှ “ကုမ္ပဏီ Re-registration အား Online ဖြင့် DICA website တွင် MyCO နှင့် လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုကို Synergy မှဆောင်ရွက်ပေးနေပါသည်။”ဟုကြော်ငြာနေပါသည်။

၂။      ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) အနေဖြင့် အီလက်ထရောနစ် မှတ်ပုံ တင်လုပ်ငန်းများ ဝန်ဆောင်မှုပေးရန် မည်သည့် ပုဂ္ဂလိကအဖွဲ့အစည်းကိုမျှ တရားဝင်ခွင့်ပြုထားခြင်း မရှိပါ။ အဆိုပါ ကြော်ငြာချက်သည် အများပြည်သူ၏အမြင်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ဆောင်ရွက်ခွင့်ပြုသည်ဟု နားလည်မှုလွဲနိုင်ခြင်း၊ ကြော်ငြာချက်တွင် ဌာန၏ အမှတ်တံဆိပ်များ အသုံးပြုနေခြင်း တို့ကြောင့် ကြော်ငြာသူများအား ဆက်သွယ်၍ ဌာန၏ အမှတ်တံဆိပ် များ၊ ဝေါဟာရ အသုံးအနှုံးများနှင့် အဓိပ္ပါယ် လွဲမှားမှုမရှိစေရန် ပြင်ဆင်ဆောင်ရွက်ပေးရန်အတွက် သတိ ပေးလမ်းညွှန်ခဲ့ပြီး ဖြစ်ပါသည်။

၃။      Myanmar Companies Online (MyCO) တွင်မှတ်ပုံတင်မှုများအတွက် ကိုယ်တိုင်လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် မှတ်ပုံတင်စနစ်တည်ဆောက်ထားပြီး မည်သည့်ဝန်ဆောင်ခမှ ပေးဆောင် ရန် မလိုအပ်ဘဲ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် ရုံးခွဲများရှိ အများပြည်သူ အသုံးပြုနိုင်သော ကွန်ပျူတာများတွင်မှတ်ပုံတင်မှုများဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၄။      သို့ဖြစ်ပါ၍ဝန်ဆောင်မှုပေးမည်ဟူသော ကြော်ငြာများအား အများပြည်သူနားလည်မှုမလွဲစေရန်နှင့် ကုမ္ပဏီများမှတ်ပုံတင်ရာတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ပါကလည်း ကုမ္ပဏီရေးရာဌာနခွဲ တယ်လီဖုန်း အမှတ်- ၀၁-၆၅၇၈၉၁နှင့် ၀၁-၆၅၈၁၀၅ တို့သို့လည်းကောင်း၊ တယ်လီဖုန်းအမှတ်- ၀၁-၆၅၈၁၀၃ (လိုင်းခွဲ ၁၀၃၊ ၁၀၄၊၁၀၅) တို့သို့လည်းကောင်းဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative