ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲအတွက် Stakeholders' Meeting ကျင်းပခြင်း [1]

Posted on 10 September 2018

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်၌ ကျင်းပပြုလုပ်မည့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲ အတွက် Stakeholder Meeting ကို ယနေ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာဆာဗေးသုတေသန ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ နှင့် ရင်းနှီး မြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ (၁၀၀) ကျော် တက်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative