Senior Officials Meeting – Towards Inclusive Trade and Investment [1]
Dana Facility ၏ အထောက်အပံ့ဖြင့် Senior Officials Meeting – Towards Inclusive Trade and Investment ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များလည်း ပါဝင် တက်ရောက်ခဲ့ကြပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး အနာဂတ်လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

