ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


International Finance Corporation (IFC)နှင့် တွေ့ဆုံဆွေးနွေးခြင်း [1]

Posted on 18 September 2018

International Finance Corporation (IFC) မှ Senior Private Sector Specialist ဖြစ်သူ Mr. Xavier Forneris ဦးဆောင်သော အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးနှင့်  ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် လာရောက် တွေ့ဆုံခဲ့ပြီး ၎င်းတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံသူ (၂) ဦးတို့ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲ၌ အတည်ပြုမိန့် ရရှိပြီးနောက် ရင်းနှီးမြှုပ်နှံသူ များ၏ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများ၊ Investment Policy Review ဆိုင်ရာကိစ္စရပ် များ၊ Standard Operation Procedure (SOP) ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍   ဆွေးနွေး ခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative