ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


စိန်နန်းတော် ဟိုတယ် ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 18 September 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် လျက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊  ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးဘေး၊ မိုင်တိုင် ၃၄၀/၁ မှ ၃၄၁/၁ ရှိ စိန်နန်းတော် ဟိုတယ် ကုမ္ပဏီလီမိတက် သို့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာန နှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ် သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative