Employment Management System ရေးဆွဲနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း [1]
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦး၊ (OSS) ဌာန၏ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနတို့မှ ကိုယ်စားလှယ်များနှင့်Data Focus ကုမ္ပဏီတို့မှ ကိုယ်စားလှယ်များတွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့ (OSS) မှ တာဝန်ယူ ဆောင်ရွက်နေသော မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများ နေထိုင်ခွင့်၊ ဗီဇာနှင့် အလုပ်သမား မှတ်ပုံတင်ကတ်များ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေမြန်ဆန်စေရန်အတွက် online စနစ် (Foreign Employment Management System) ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။
