ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Myanmar Than Taw Myat Co., Ltd.သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 20 September 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စု၊ ကလေးကျေးရွာ အုပ်စုနှင့် ကွင်းအမှတ်၂၂၆ခEX၊ ကွင်းအမှတ် ၂၃၃-ကတွင် ဘိလပ်မြေထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသော Myanmar Than Taw Myat Co., Ltd.သို့ မန္တလေးတိုင်းဒေသကြီး၊ ရင်းနှီး မြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ မန္တလေးတိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ ဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေး ရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative