ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၆ / ၂၀၁၈ )ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း [1]

Posted on 01 October 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ တင်ပြလာသည့် အဆိုပြုချက်များ အပေါ် ဆွေးနွေးစီစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၆ / ၂၀၁၈) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

                  အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြပါသည်။

                  အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော လျှောက်ထားလွှာများအား စိစစ် ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရရှိပြီးသော ကုမ္ပဏီများမှ တင်ပြလာသည့် အထွေထွေ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင် ရွက်ခဲ့ကြပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative