ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


"အများပြည်သူသို့ အသိပေးကြေညာချက်" [1]

Posted on 01 October 2018

"အများပြည်သူသို့ အသိပေးကြေညာချက်"

၁။        ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ နှင့်အညီ ဖွဲ့စည်း မှတ်ပုံတင်ထားသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ အနက် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၅ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ၇က်နေ့ ကြေးမုံသတင်းစာတွင် လည်းကောင်း၊ ထပ်မံ၍ ခွင့်ပြု ခဲ့သော ကုမ္ပဏီ ၄ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ကြေးမုံသတင်းစာတွင်လည်းကောင်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။         ယခုအခါ အောက်ပါကုမ္ပဏီနှစ်ခုသည် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိကြောင်း ထပ်မံ အသိပေး ကြေညာအပ်ပါသည်-

စဉ်

ကုမ္ပဏီအမည်

မှတ်ပုံတင်အမှတ်

  1.  

အမတ ဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်

AMATA HOLDING PUBLIC COMPANY LIMITED

100456125

  1.  

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်

TMH TELECOM PUBLIC COMPANY LIMITED

183629719

၃။      ယခုကြေညာချက် အပါအဝင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၆၁ ခု မှလွဲ၍  ကျန်မည်သည့် စီးပွားရေးလုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိပါကြောင်းနှင့် အများပြည်သူသို့ အစု ရှယ်ယာရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများရှိလာပါက ၎င်းကုမ္ပဏီများ၏ စာရင်းကို ဆက်လက် အသိပေး ထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် အသိပေး ကြေညာအပ်ပါသည်။

 

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative