ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မန္တလေးတိုင်းဒေသကြီး စီးပွားရေးဖိုရမ် နှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ပြပွဲ တို့နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း [1]

Posted on 08 October 2018

မန္တလေးတိုင်းဒေသကြီး၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မန္တလေးတိုင်းဒေသကြီး စီးပွားရေးဖိုရမ် နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ငွေဆောင်၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ဧရာဝတီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ တို့နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၌ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်မှ မန္တလေးတိုင်းဒေသကြီး စီးပွားရေးဖိုရမ် နှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ တို့နှင့်စပ်လျဉ်း၍ အသေးစိတ်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီးကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် New Star Light Construction Co., Ltd. တို့မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများ  တက်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative