Pongpipat Development Co., Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]
Posted on 20 October 2018
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာအုပ်စုတွင် နိုင်ငံတကာ အဆင့်မီဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသော Pongpipat Development Co., Ltd သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးစောလူကာ ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းပူးပေါင်းရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


