UMFCCI မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း [1]
Posted on 29 October 2018
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးနှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့၌ လာရောက်တွေ့ဆုံ၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပပြုလုပ်မည့် “Invest Myanmar Summit (IMS) 2019” ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
