ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Myanmar Commerce Fair 2018 (မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်) ကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည် [1]

Posted on 06 November 2018

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်းနှင့် ဝါဏိဇ္စ ဘွဲ့ရများအသင်း (မြန်မာနိုင်ငံ) တို့မှ ပူးပေါင်းစီစဉ်သည့် ပထမအကြိမ် Myanmar Commerce Fair 2018 (မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်) ကို ဒီဇင်ဘာလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့များတွင် Yangon Convention Center (YCC) တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပ သွားမည်ဖြစ်ပါသည်။

လက်ရှိ နှင့် အနာဂါတ် မြန်မာနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာကဏ္ဍများစွာကို ဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေး ပညာရှင်များမှ တာဝန်ရှိသူများမှ ဟောပြောဆွေးနွေးမည် ဖြစ်ပြီး တက်ရောက်သူများ အနေဖြင့် တိုက်ရိုက် မေးမြန်း ရှင်းလင်း ပြောကြားနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်ပါသည်။

ဌာနဆိုင်ရာ နှင့် ပုဂ္ဂလိကလုပ်ငန်းအနေဖြင့် ပြခန်းပေါင်း ၁၅၀ ကျော်တွင် ၎င်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပြသ ရောင်းချနိုင်သည့် အခွင့်အရေး ရရှိမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လူမှု့စီးပွားရေးနှင့် စပ်လျဉ်း၍ သိရှိနိုင်မည့် အပြင် ပြခန်းပေါင်း ၁၅၀ ကျော်တွင်လည်း အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို လေ့လာနိုင်မည့် Myanmar Commerce Fair 2018 (မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်) သို့ တက်ရောက်နိုင်ပါရန် ဖိတ်ခေါ်အပ် ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative