ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲကျင်းပဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခြင်း [1]

Posted on 08 November 2018

၂၀၁၈ခုနှစ်နိုဝင်ဘာလ ၆ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်သည် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး၌ပြုလုပ်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချူပ် ဦးညီပုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှလည်း ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ နှင့်ပတ်သက်သည့် လိုအပ်ချက်များ အားရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်စပ်ဝန်ကြီးဌာနများမှတာဝန်ရှိသူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များကလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative