ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်သည့် "Myanmar Day" အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း [1]

Posted on 15 November 2018

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်ဆံရေး နှစ်(၇၀) ပြည့် အထိမ်းအမှတ်အဖြစ် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သော "Myanmar Day" အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။  

          ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ အခမ်းအနား၏ပထမနေ့တွင် "Enhancing Trade and Investment between Myanmar and India" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယနေ့တွင် "Enhancing Bilateral Relations Focusing on Service Sectors such as Healthcare, Tourism, Culture, Energy and Agri Service" ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative