PT TIMAH Tbk မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း [1]
Posted on 15 November 2018
အင်ဒိုနီးရှားနိုင်ငံ၊ PT TIMAH Tbk မှ Project Manager ဖြစ်သူ Mr. Ebbi Wibisana ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမာလာမျိုးညွန့်နှင့် ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
