ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁၀/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း [1]

Posted on 18 November 2018

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မုံရွာမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ကော်မတီသို့ တင်ပြလာသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုအား အတည်ပြုမိန့် ထုတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative