Miyoshi Sangyo Co., Ltd. နှင့် Ishihara Sangyo Co., Ltd. တို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း [1]
Posted on 19 November 2018
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် သည် Miyoshi Sangyo Co., Ltd. မှ Executive Director ဖြစ်သူ Mr. Kimihiro Kamizono နှင့် Ishihara Sangyo Co., Ltd. မှ President ဖြစ်သူ Mr. Kentaro-Ishihara နှင့်အဖွဲ့အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လက်ခံတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ခဲ့ပါသည်။
