ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၈) တွင် ခွင့်ပြု ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်း [1]

Posted on 19 November 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၈)တွင် ခွင့်ပြုပေးခဲ့ သည့် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် မီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန် ချက် (၁၇/၂၀၁၈)အား ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်း မီဒီယာ( ၁၅ ) ခုမှ သတင်းထောက် ( ၁၆ )ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative