ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြုလုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း [1]
ချင်းပြည်နယ် အတွင်းရှိ ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအကြား အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ဖိုရမ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဝီကော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ DaNa Facility မှ ကိုယ်စားလှယ်များစုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ကြပါသည်။

