ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၉/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း [1]
Posted on 28 November 2018
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၉/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။



