ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် တိုးတက်လာနိုင် [1]

Posted on 29 November 2018

          မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည့် အလားအလာကောင်းများကြောင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ဟောင်ကောင်မှ လုပ်ငန်းရှင်များပါဝင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိ၍ ရင်းနှီးမြှုပ်နှံမှုအတွက် လေ့လာမှုများ ဆောင်ရွက်လျက်ရှိပါသည်။

          အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သောအဖွဲ့မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သွားရောက် တွေ့ဆုံကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှုသည် တတိယအဆင့်တွင် ရပ်တည်လျက်ရှိ ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative