ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဝန်ထမ်းသစ်များအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၇)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း [1]

Posted on 04 December 2018

အသစ်ခန့်အပ်လိုက်သော ဝန်ထမ်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် စပ်လျဉ်း သောဥပဒေနှင့် နည်းဥပဒေများ၊ ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်လိုက်နာစေရန် နှင့် လက်တွေ့ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းစဉ်များအား အကျွမ်း တဝင်သိရှိစေရန် ရည်ရွယ်၍ ရက်သတ္တပတ် (၃) ပတ်ကြာဖွင့်လှစ်မည့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၇) ဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန(ရုံးချုပ်) ၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက် ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားသင်တန်းသူ (၂၀)ဦး စုစုပေါင်း(၄၅) ဦး တက်ရောက်ခဲ့ပါ သည်။ သင်တန်းကာလမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၃ရက်နေ့မှ  ဒီဇင်ဘာလ ၂၁ရက်နေ့ အထိ ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative