ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဘယ်လ်ဂျီယံမှ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံ၍ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း [1]

Posted on 04 December 2018

Flanders Investment & Trade ၏ အစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ တွင် Melia Hotel၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သည့် စီးပွားရေးမစ်ရှင်နှင့် တွေ့ဆုံသည့်  စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပါသည်။

 အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ စီးပွားရေးအခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက်ကောင်းမွန်းရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းနောက် Dirk Van Steerteghem, Director for Trade, Flanders Investment & Trade နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်း တို့မှ ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်နှင့် စပ်လျဉ်းသည့် မိန့်ခွန်း ပြောကြား ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှလည်း စီးပွားရေးဆိုင်ရာ နေ့လည်စာစားပွဲသို့ တက်ရောက်၍ လုပ်ငန်းရှင်များမှ  ခဲ့ပါသည်။

ယနေ့ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသည် ဘယ်ဂျီယံရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာစီးပွားရေး ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များကို သိရှိနိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း  ဖြစ်ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံ သူများသည် ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်လုပ်ငန်း ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ နှင့် စွမ်းအင် ကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု ရှိကြကြောင်းသိရှိရပါသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော ဘယ်လဂျီနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှု အစီအစဉ်တို့တွင် ပါဝင်တက်ရောက် ခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative