ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးသင်တန်းကျင်းပပြုလုပ်ခဲ့ခြင်း [1]

Posted on 05 December 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျာမဏီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (GIZ) တို့ ပူးပေါင်း၍ ဝန်ထမ်းများ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆိုင်ရာ နားလည်မှု တိုးတက်လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အခွင့်အလမ်းများကို သိရှိနိုင်စေရန် ရည်ရွယ်ကာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative