ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း [1]

Posted on 11 December 2018

ဩစတြေးလျနိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

                  အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ ညှိနှိုင်းခြင်းနှင့်ပြုပြင်ပြောင်းလဲ ခြင်းဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်နေသည့် အရာထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  ဩစတြေးလျအမျိုးသားတက္ကသိုလ်၏ ကျွမ်းကျင်သူများမှ ဆွေးနွေး ပို့ချခဲ့ပါသည်။

                  အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative