ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဘူးဂါးကုမ္ပဏီလီမိတက်သို့ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 18 December 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်  သစ်အခြေခံ တန်ဖိုးမြှင့်ကုန်ချောပစ္စည်းနှင့် ပရိဘောဂ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကျခန်းဒတ် ကျေးရွာ၊ မိုးမောက်မြို့နယ်၊ ဗန်းမော်ခရိုင်၊ ကချင်ပြည်နယ်ရှိ ဘူးဂါးကုမ္ပဏီ လီမိတက်သို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်း စစ်ဆေး ပေးခဲ့ပြီး ခွင့်ပြုမိန့်ရရှိပြီး နောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative