ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၂၁ / ၂၀၁၈ )ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း [1]

Posted on 19 December 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၂၁ / ၂၀၁၈) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်(၉ : ၀၀) နာရီတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

                  အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရရှိပြီးသော ကုမ္ပဏီများ မှ တင်ပြလာသည့် အထွေထွေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့် နှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative