ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၁၆/၂၀၁၈ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲအခမ်းအနား [1]
Posted on 21 December 2018
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ (၁၆/၂၀၁၈)ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၁၆:၀၀မှ ၁၇:၀၀ချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၄၉)တွင် စံပြသင်တန်းသားဆု ရရှိခဲ့သည့် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ပုလဲဖြူနှင့် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၅၇)တွင် အဆင့် ၃ ရရှိခဲ့သော မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စာရင်းကိုင်(၄) ဒေါ်အေးမြတ်စန္ဒီရွှေအား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။


