ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ ကျင်းပပြုလုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း [1]

Posted on 21 December 2018

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင် များအကြား အလားအလာရှိသောရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုပြပွဲနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီ၊ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနနှင့် မြန်မာဆာဗေးသုတေသနကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများ စုစုပေါင်း (၁၇)ဦး တက်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative