ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၇) သို့ သင်ခန်းစာပို့ချ [1]

Posted on 21 December 2018

အသစ်ခန့်အပ်လိုက်သော ဝန်ထမ်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနား လည်ပြီး ထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် လက်တွေ့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား အကျွမ်းတဝင်သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၇)ကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။အဆိုပါ သင်တန်းသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မှ ဌာနသမိုင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက် တာဝန်များ၊ အနာဂတ်လုပ်ငန်းစဉ်များနှင့် ပတ်သက်သောသင်ခန်းစာများကိုသင်တန်းသူ/သားများသို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သင်ကြား ပို့ချခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative