ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း Road Show for Investment to Myanmar ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြား [1]
ကိုရီးယား နိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ကိုရီးယားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့က ကြီးမှူးကျင်းပသည့် “Road Show for Investment to Myanmar” သို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
နေ့လည်ပိုင်းတွင် Korea Institute for Industrial Economics and Trade (KIET) နှင့် Korea Development Institute သို့သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကိုရီးယားနိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက်မှု အတွက် မူဝါဒနှင့်စနစ်အကြောင်း၊ ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သမိုင်းနှင့် အကောင်အထည် ဖော်မှုများ အကြောင်းတို့ကို လေ့လာခဲ့ပါသည်။
ညနေပိုင်းတွင် Trade Minister H.E Kim Hyun-Chongမှ တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။



