ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း [1]
Posted on 03 January 2019
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု အပါအဝင် ကော်မတီအဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာသည့် အတည်ပြုလျှောက်ထားလွှာများကို ဆွေးနွေးခဲ့ပြီး အတည်ပြုမိန့် ၃ ခုကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။
