အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခမ်းအနားကျင်းပ [1]
Posted on 16 January 2019
မြန်မာနိုင်ငံရှိ အာဆီယံ နိုင်ငံများ၏ သံရုံးများနှင့် International Business Promotion Centre တို့ပူးပေါင်း၍ “အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခမ်းအနား”ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် Pan Pacific Yangon Hotel ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

