Macau International Carnival Association မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း [1]
Posted on 18 January 2019
နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် သည် Macau International Carnival Association မှ Executive Director & Vice President ဖြစ်သူ Mr. Hoikuoksun ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
