ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဆန်းလင်းအင်တာနေရှင်နယ် အိတ်(စ်)ပို့ အင်(န်) အင်ပို့ ကုမ္ပဏီ လီမိတက်သို့ ကွင်းဆင်း စစ်ဆေးခြင်း [1]

Posted on 24 January 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်  ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ် ဖြင့် သံသတ္တု အကြီးစားတူးဖော်ထုတ်လုပ်၍ သန့်စင်ပြီးသံသတ္တု (Concentrated Iron)များ ရောင်းချ ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုနော့ဂျန်သတ္တုလုပ်ကွက်၊ ဖီမော်ကျေးရွာအုပ်စု၊ ချီဖွေမြို့နယ်၊ ကချင်ပြည်နယ်ရှိ ဆန်းလင်းအင်တာနေရှင်နယ် အိတ်(စ်)ပို့အင်(န်)အင်ပို့ ကုမ္ပဏီလီမိတက်သို့ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် သတ္တုတွင်းဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည်  ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် အခက်အခဲများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သွားရောက် ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative