General Data Dissemination System (e-GDDS) ပြုလုပ်နိုင်ရန် IMF mission လာရောက်ခြင်း [1]
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) စာရင်းအင်းဌာနမှ Senior Economist Ms Xiuzhen Zhang နှင့်အဖွဲ့သည် National Summary Data Page တည်ဆောက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အထောက်အကူပြု စာရင်းအင်းများရရှိနိုင်ရေးနှင့် မေခရိုစီးပွားအကျဉ်းချုပ် ဖော်ပြနိုင်ရန်အတွက် General Data Dissemination System e-GDDS စနစ်ကို အသုံးပြုနိုင် ရေးနှင့် webpage အသုံးပြုနိုင်ရန်နှင့် လေ့ကျင့်သင်ကြားပေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လာရောက်၍ ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်း တက်ရောက်ခဲ့ပြီး webpage အသုံးပြုနည်းသင်တန်းသို့ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

