အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅,၇၀၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု [1]
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၂ / ၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါလုပ်ငန်းများတွင် စက္ကူပျော့ဖတ် အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ Photosensitive Powder ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်နှင့် ခါးပတ် အမျိုမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငါးမွေးမြူ အေးခဲ ပြုပြင်ထုတ်လုပ်နှင့် ဆက်စပ်သောလုပ်ငန်း၊ ရေသတ္တဝါ အစားအစာထုတ်လုပ်ခြင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ E-Payment ကဒ်စနစ်ဖြင့် ပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ဆိပ်ကမ်းတည်ဆောက်၍ ဓါတ်ဆီ၊ ဒီဆယ် နှင့် LPG တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ရုပ်ရှင်ပြသခြင်း တို့ပါဝင်ပါသည်။ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းအလုပ်အ ကိုင် အခွင့်အလမ်းပေါင်း (၅,၇၅၃)ဦး ဖန်တီးပေး နိုင်မည့် လုပ်ငန်း (၉)ခု အားခွင့်ပြုခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြပါသည်။

