၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပထမအကြိမ် စတုဒီသာကျွေးမွေးခြင်း [1]
၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားရိုးရာအစားအစာ စတုဒီသာ ကျွေးမွေးခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်၌၂၀၁၉ခုနှစ် ဖေဖော်ဝါရီ လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးအောင်နိုင်ဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် တိုင်းရင်းသား ဝန်ထမ်းများနှင့်အတူ တိုင်းရင်းသားရိုးရာအစားအစာ စတုဒီသာတွင် ပါဝင်ဆင်နွှဲခဲ့ပါသည်။
တိုင်းရင်းသားရိုးရာ အစားအစာ စတုဒီသာ ကျွေးမွေးပွဲတွင် ကချင်ရိုးရာအစားအစာ ဆီပါ (ဟင်း)၊ စပီ(ခေါင်ရည်)၊ ကယားရိုးရာအစားအစာ ၊ ကယား ဝက်အူချောင်းနှင့်ခေါင်ရည်၊ ကရင်ရိုးရာအစားအစာ တာလပေါ့ဟင်း၊ ချင်းရိုးရာ အစားအစာ ဆာဘူးသီး၊ မွန်ရိုးရာအစားအစား ငါးနပ်ဟင်းချို၊ ကျောက်ပွင့်မွန်သုပ်၊ ရေးဒူးရင်းယို၊ ရခိုင်ရိုးရာအစားအစာ ရခိုင် မုန့်တီ(အရည်)၊ ပဲကြာဇံ(အသုပ်)၊ ရှမ်းရိုးရာ အစားအစာ ငါးထမင်းနယ်၊ ရှမ်းတို့ဟူးသုပ်၊ ပအို့ဝ်ရိုးရာအစားအစာ ယာဂူ ၊ ဗမာ ရိုးရာ အစားအစာ မုန့်လင်မယား၊ ဘိန်းမုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။
အဆိုပါ စတုဒီသာကျွေးမွေးပွဲကိုရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက် သည့် ဧည့်သည်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။




