ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် ဖူကူအိုကာမြို့များတွင် ကျင်းပပြုလုပ်မည့် 6th Myanmar Investment Forum and Industrial Familiarization Program သို့ တက်ရောက်ရန်မြန်မာနိုင်ငံမှ ထွက်ခွာခြင်း [1]
Posted on 12 February 2019
ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် ဖူကူအိုကာမြို့များတွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖိုရမ် (6th Myanmar Investment Forum and Industrial Familiarization Program) တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ဦးဆောင်၍ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၌ ထွက်ခွာသွားပါသည်။
