Paradiso Cinemas Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]
Posted on 13 February 2019
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြု မိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက် ရှိသော စစ်ကိုင်းတိုင်း ဒေသကြီးရှိ Paradiso Cinemas Company Limited ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


