ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် ( ၃/၂၀၁၉) တွင် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခြင်း [1]

Posted on 27 February 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉) တွင် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့်တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက်(၃/၂၀၁၉)အား ဖြန့်ဝေခဲ့ပါသည်။ အဆိုပါမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ (၁၉) ခုမှ သတင်းထောက်(၂၁) ဦးတက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်းရယူခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative