တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း [1]
Posted on 08 March 2019
မြန်မာ့ရိုးရာထမနဲပွဲဆင်နွှဲရန်နှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး အထောက်အကူပြုရန်ရည်ရွယ်၍ ရိုးရာထမနဲပွဲ ယှဉ်ပြိုင်မှုအခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပြုလုပ်ခဲ့ပါသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်အားပေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်းရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ဆုရရှိသည့် အသင်းများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။




