ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကျင်းပပြုလုပ်ခြင်း [1]

Posted on 14 March 2019

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇နှင့်အညီ ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိ ပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ခရိုင်စီမံခန့်ခွဲရေးကော်မတီစုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အခမ်းအနားကို နံနက် (၁၀) နာရီအချိန်တွင် စတင်ခဲ့ပြီး ဖိတ်ကြားထားသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

        ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်ကအဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရကုမ္ပဏီများအတွက်လိုအပ်ချက်များကို ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးဒေါ်မေမျိုးဇော်က MyCO Online စနစ် အသုံးပြုပုံကို လက်တွေ့ သရုပ်ပြရှင်းလင်းပြီးနောက် ဆွေးနွေးပွဲကို (၁၂:၀၀) နာရီအချိန်၌ အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative