ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၁၀၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု [1]

Posted on 15 March 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက် ကြပါသည်။

                   အဆိုပါ အစည်းအဝေးတွင် ဂျပန်ုနိုင်ငံမှ ပန်းမျိုးစေ့ထုတ်လုပ်ခြင်း နှင့် ရောင်းချခြင်းလုပ်ငန်း၊ ဟောင်ကောင်မှ ပလတ်စတစ် မိုလ်နှင့် ပလတ်စတစ် အစိတ်အပိုင်းများ (အပိုပစ္စည်း) ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ မြန်မာနိုင်ငံမှ ပလတ်စတစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ စင်ကာပူနိုင်ငံမှ floating storage unit for storage of LPG as transit point လုပ်ငန်း၊ မြန်မာနိုင်ငံမှ ပညာရေးဝန်ဆောင်မှု လုပ်ငန်း နှင့် hospitality and business management လုပ်ငန်းတို့ကို ခွင့်ပြုပေးခဲ့ပါသည်။

                  အထက်ပါလုပ်ငန်း(၇) မှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၇၁.၇၈၆) သန်း နှင့် ကျပ်သန်းပေါင်း (၂,၈၅၄.၇၄) ရှိပြီး၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၆၁) ဦး ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative