The International Friendship Exchange Council မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခြင်း [1]
Posted on 18 March 2019
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးအောင်နိုင်ဦးသည် Japan-ASEAN Cultural and Economic Exchange Committee of the International Friendship Exchange Council ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Norio YAMAGUCHI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက် နေ့တွင် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။
