ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း [1]

Posted on 22 March 2019

GIZ ၏ ကူညီပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့ တောင်ကြီးဟိုတယ်၊ တောင်ကြီးမြို့တွင် ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ GIZ မှ အကြီးအကဲ Mr. Steffen Grammling နှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲမှာ ညနေ (၅:၀၀)နာရီ၌ ပြီးဆုံးခဲ့ပါသည်။ ဆွေးနွေးပွဲ တွင် တက်ရောက်လာကြသူများမှ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းမူကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative