ညွှန်ကြားရေးမှူးချုပ်မှ Colliers International Myanmar အဖွဲ့အား လက်ခံတွေ့ဆုံခြင်း [1]
Posted on 22 March 2019
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် Colliers International Myanmar မှ Deputy Managing Director ဖြစ်သူ Mr. Karlo Adrian Pobre နှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး အိမ်ခြံမြေ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
